Sunday 7 July 2013

again and again...

အမှတ်တမဲ့လူ ပေါင်းများစွာထဲက လူတယောက်ကို အမှတ်တရဖြစ်လာတယ်
အမှုမဲ.အ မှတ်မဲ့ တိုက်ဆိုင်မှုလေးတွေရှိလာတယ်
တဖြေးတဖြေး လူတယောက်ကို ခုံမင်တတ်လာတယ်
တခါတလေထက်ပိုအောင် သူနဲ. တွေ.ချင်လာတယ်
အမြဲတမ်းလိုလို သူအကြောင်းတွေးလာတယ်
မသင်ယူဘဲ လူတယောက်ကိုချစ်တတ်လာတယ်
အကြောင်းပြချက်မရှိဘဲ လူတယောက်အတွက်ပေးဆပ်ချင်လာတယ်
မမျှော်လင့်ဘဲ အရမ်းချစ်သွားတယ်
မမျှော်လင့်ဘဲ နားလည်မှုတွေလွဲတယ်
မမျှော်လင့်ဘဲ အဆင်ပြေသွားကြပြန်တယ်
မမျှော်လင့်ဘဲ ကွဲရင်ကွဲသွားကြမယ်
မမျှော်လင့်နိုင်အောင် ကြေကွဲကြပြန်တယ်
မပြောပြနိုင်အောင် ရင်ထဲသိမ်းထားကြတယ်
မပြောပြနိုင်အောင် အဓိပ္ပါယ်ကိုယ်စီဖွင့်ကြတယ်
နောက်ဆုံးတော့ ပထမဆုံး စကားလိုပဲ
အမှတ်တရလူပေါင်းများစွာထဲကလူတယောက်ကိုအမှတ်တမဲ့ဖြစ်အောင်ကြိုးစားကြပြန်တယ်.......

No comments:

Post a Comment