Sunday 7 July 2013

အဖြည့်ခံ

အတုံးတုံး အရုံးရုံး
မျှော်လင့်ချက် အကုန်လုံး
ဆုံးဆုံးမမြုပ်ခင်
လှမ်းဆုတ်ထားမိတယ်
အပြုံးစာမျက်နှာတစ်ရွက်တော့
ရလိုက်သား.....
ချစ်သူမဟုတ် ချစ်ရတဲ့သူ
အပြစ်မမြင်အောင် မြတ်နိုးတယ်
ဆိုင်သူနဲ. ပြုံးပျော်
စိတ်ကူးယဉ်သူလေးနံဘေး
သိုသိုသိပ်သိပ်
အလွမ်းတစ်စက်တောင်
ထုတ်မပြခဲ့ပါဘူး
အပြုံးပါးချိုင့်လေး ရေမကူးရအောင်
အရှုံူးတစ်ဝက်စာလေးနဲ.
အပြုံးတစ်သက်တာပေးချင်မိတယ်
ကျွန်တော့ထာဝရချစ်ရသူ
ဆိုင်ခွင့်မရတဲ့ဘ၀မို.  ထိုင်လို.ငေးကြည့်
အရှုံးကလေးနဲ. မီးမွှေးနေမယ်
ချစ်ရသူအတွက်တော့
နွေးထွေးစေမယ့်
အဖြည့်ူခံလေးပေါ့ဗျာ

No comments:

Post a Comment