Monday 8 July 2013

Valentine

ဆီတ၀င်းဝင်း
ဇာတ်ခုံအောက်က  လက်ခုပ်သံတွေ
နှင်းဆီတပွင့်လို
ပန်းနုရောင်မသန်းတော့ဘူး...
အရောင်မွဲနေတဲ့ ချောကလက်တွေ
လေလံတင်သလို အလုအယက်
လူတချို.လက်ထဲ ရောက်နေကြပြီ
ပျော်ရွှင်ပါစေ ချစ်သူတို......
ကတ္တီပါသဲကြိုး
ဖိနပ်လေးတစ်ရံဆိုတာ
မိုးသည်းနေတဲ့ လမ်းအတွက်မဟုတ်ပါဘူး....
လေးလံနေတဲ့ မျက်ခွံလို
ငါ့အိပ်မက်တွေကို အတင်းဆွဲပိတ်
ရောင်စုံေ၀၀ါးခြင်းတွေနဲ.
အိပ်မှုံစုံဖွား နှလုံးသားကို
ဇယ်တောက်သွားတယ်လို.့ပဲ
သဘောထားပါတယ်
ဖြူဖတ်ဖြူရော် မြှားနတ်မောင်တွေ
ရုပ်ကြိုးပြတ်သွားသလို
ငါအတွက် နှလုံးသားတစုံဆိုတာ
ဒီကမ္ဘာပေါ်မှာ ရှိတော့မယ်မထင်ပါဘူး....

No comments:

Post a Comment