Sunday 7 July 2013

မောင့်ဖုန်းထဲကခင့်ဓာတ်ပုံ

ဖုန်းကိုဖွင့်၍....ထုတ်ကြည့်ခါခါ
သောကဖြာလျက်....ဝေးလွင့်ခြင်းမှတ်တိုင်မှ
အခုပဲပြုတ်ကျလေမလား
မျက်နှာနုရွ...ထူးထူးလှတဲ့
ခင့်ဓာတ်ပုံ..........
ချစ်မြှားတစ်စင်း..မျက်စိများပါလေသလား
ပိုင်ဆိုင်ခြင်းသူငယ်အိမ်က....စောင့်နေလေလျက်
ချစ်တုန်းသင့်မြတ်..မျက်လုံးစကား
သူကြားနာကာ..နားလည်မိနေ
ချစ်ပြန်တစ်ခါ...အမုန်းသည်တစ်လှည့်
ရောက်ပြန်လေရာ...ဟန်းဖုန်းထဲက
ခင့်ဓာတ်ပုံပင်..ပြန်တောင်းလေမလား
တွေးမိတယ်.........

No comments:

Post a Comment