Sunday 7 July 2013

ဆန္ဒ

နှလုံးသားကို
မီးတိုက်
တန်ဖိုးနည်း
ဖန်ခွက်တစ်ခွက်
မင်းအတွက်
ဖြစ်ခွင့်ပြုပါ
ကြိမ်ဖန်များစွာ ပြုတ်ကျ
ငါ့ကို ကွဲအက်ခွင့်ပြုပါ
တခါတလေ မင်းရဲမေးငေါ့စရာ
လက်ဆောင်လေးတခု
ဖြစ်ခွင့်ပေးပါ
မင်းရဲ.ပူပန်သောက
ငြိမ်းအေးစေမဲ့
အပူခံဖန်ခွက်လေး
ဖြစ်ခွင့်ပေးပါ
အမှတ်တမဲ့ကျကွဲ
စွန်.ပစ်မယ်ဆိုလည်း
အကြည်တသာ
ခခယယမသုံးချင်နေ
တန်ဖိုးထားမြတ်နိုးပေးပါ
တန်ရာ တန်ရာဆိုပင်မဲ့
အရောင်တွေမွဲသွားလည်း
ငါဆိုတဲ့ဖန်ခွက်ကလေး
မင်းအနား
ရှိခွင့်ပေးပါ

No comments:

Post a Comment