Sunday 7 July 2013

ကြွက်

ငါဟာကြွက်တကောင်...........
.နင်ရင်ဘတ်ထဲက နှလုံးသားကိုခိုးဖို. စောင့်နေတယ်
ငါဟာကြွက်တကောင်..........
နင်ဘယ်ရောက်ရောက်အနံခံပြီး နောက်ကတကောက်ကောက်လိုက်မယ်
ငါဟာကြွက်တကောင်..........
နင့်မျက်နှာလေးကိုခိုးကြည့်ရတာ ၀ါသနာပါတယ်
ငါဟာကြွက်တကောင်..........
နင့်ရှေ.မှာ ဖြတ်ခနဲ. ပေါ်ပေါ်လာတတ်တယ်
ငါဟာကြွက်တကောင်.........
နင်ရိုက်ထုတ်ပေါင်းလည်းမနည်းတော့ပါဘူး
ငါဟာကြွက်တကောင်.........
နှုတ်ခမ်းမွေးစစ နဲ. နင်ကြည့်မရတဲ့ကာင်
ငါဟာကြွက်တကောင်.........
ငါ့ကိုမြင်ရင် အော်ကြီးဟစ်ကျယ် ကြောက်လန်.တတ်တယ်
ငါဟာကြွက်တကောင်.........
ငါ့ကို ပိုးသတ်ဆေးတွေနဲ.ပဲနှစ်သိမ့်တော့မှာလား
ငါဟာကြွက်တကောင်.........
နင့်လက်ချက်နဲ. သေဖို.အဆင့်သင့်ပါ..............

No comments:

Post a Comment