Sunday 7 July 2013

ရင်ဘက်မှ.................ရင်ဘက်သို.

ဟိုးအဝေးက ...စိတ်ကူးလှေ
တောင်ပံတွေပေါက်ရင်တောင်
မဖြစ်နိုင်ပါဘူး
လူးလူးလိမ့်လိမ့်ပဲ
ယိုပေါက်တွေများလာရင်တောင်
ခရီးမဆက်နိုင်တာ
ခံသာပါတယ်...
အခုတော့
ခံရခက်တဲ့ ကျောက်ဆူးကြိုး
နှုတ်မရတဲ့ အဖြစ်
ငုတ်မရတဲ့ ရေမျိုးမှာ
မှားယွင်းစွာ ကျောက်ချ
လှေနဲ.တောင်မတူတော့ဘူး
အတွေးတွေဘောင်ကျော်
လှေညှင်းတွေဆီက
ခိုးနားထောင်လျက်
အတင်းရုံးနေတဲ့ပဲ့ကလေး
သွားတော့လို. ပြောနေပြီ
ပြောရင်းဆိုရင်း
ကျွန်တော့ ကံကြမ္မာလှေကလေး
မှင်ရည်ကျဲနေပါပြီ..

No comments:

Post a Comment