Sunday 28 July 2013

ကျုပ်၏ သူမ

လသာတဲ့ ည
ကျုပ် သိပ်ပျော်တာပဲ....
ပြတင်းပေါက်တွေကြား
ခေါင်းမော့ခွင့်ရလို.လေ ....

မိုးရွာတဲ့ ည
ကျုပ် သိပ်ပျော်တာပဲ
မြေသင်းနံတွေကြား
သူမ ကို သတိရလို.လေ....

ဆောင်းလေအေးတဲ့ ည
ကျုပ်သိပ်ပျော်တာပဲ....
ချမ်းစိမ့်စိမ့် အိပ်မက်တွေကြား
သူမ များ ရောက်လာမလားလို.လေ....

အိပ်မရတဲ့ ည
ကျုပ်သိပ်ပျော်တာပဲ....
အူကြောင်ကြား အတွေးတွေကြား
ဂေါက်တောက်တောက် ကဗျာတပုဒ်
သူမ ကို ပေးခွင့်ရလို.လေ.......

ည ည ည..........
ကျုပ်သိပ်ပျော်တာပဲ
ကဗျာ ထဲက ကျုပ်ရဲ. ညတွေက
သူမ လို မုန်း မ သွား လို. လေ.....

No comments:

Post a Comment