Sunday 7 July 2013

အပြုံးပန်း

အပြုံးပန်းတော့ရှိတယ်
အချိန်မကျ.....ပိုင်ဆိုင်မှုက
မရှိသေးလို.ပါ
တော်ဝင်ထိပ်က .သဇင်
ပြိုင်ရင်ရှုံးမယ်
ကြွေရန်ပင်စောင့်နေတာ
မြတ်နိုးလို.ပါ
ခူးဆွတ်ပြီးတစ်ခါ
မထိရက်သေး
ပန်ဆင်ဖို.ပါ
ပန်ဆင်ပြီးတစ်ခဏတာ
ဘ၀သည်အရာရာ
လှလှပပ..ရှိနေလေသည်
ထာဝရပါ
ဆူးပင်တောကိုသွားမှီမိလဲ
အပြုံးမပျက်...သွေးတစ်စက်မက
ပျော်ပျော်ကြီးလဲမယ်
ပွင့်ပန်းတစ်ချပ်
ကြွေလွင့်သွားမည်စိုးလို.ပါ
ကြွေလွင့်သွားသည့်
ပန်းခြောက်ပမာ
ရှိချိန်များသည်...လွန်စွာခံစား
မတွေးရဲလို.ပါ
ရင်မှာကြေရုံမက
လူပါသေလည်း
အပြုံးပန်းကိုပင်
ဆုပ်ကိုင်ထားမယ်
မမုန်းရက်လို.ပါ......

No comments:

Post a Comment