Sunday 7 July 2013

အောင်စာရင်းည

ညဆိုတော့ နေ.မဟုတ်ဘူး
အ၀ါရောင်မင်းသမီးက
ဓာတ်တိုင်ပေါ်ကပေါ့
ကြယ်တာရာ မင်းသမီးလေး
ကောင်းကင်ကုတင်မှာ ...မေးတင်နေချိန်
အခြေနေမဆိုင်
ရောက်လာတဲ့နေ.လို.မဆိုဘူး
အသိတွေမယိုင်
ကံဆိုးမဲ့နေ.မဟုတ်ဘူး
ကောင်းကင်မှာကြယ်တွေ
မြေပြင်မှာသစ်ပင်တွေဆိုရင်
သစ်ပင်ပေါ်မှာက ...ငှက်ကလေးတွေပဲ
လမ်းပေါ်မှာ..ကားတွေက
ဆိုက်ဆိုက်မြိုက်မြိုက်
အရပ်တိုင်းမှာ...အိမ်တွေက
လင်းလင်းထိန်ထိန်
သေချာတယ်...
ကျောင်းရှေ.မှာတော့
လူမဲအုပ်ကြီး..တန်းစီလို.ပေါ့
ချွေးစက်နဲ.ယှဉ် ..ကပွဲရွှ့င်လို. 
ပြုံးပွဲဆင်နေတာ..လရောင်အောက်က
ကျွန်တော်တို.
အပြုံးကိုယ်စီ...ပုလဲလုံးတွေသီလို.
တစ်လုံးချင်းစီ...ကောက်ခဲ့ရတဲ့ဂုဏ်ထူးများ
လှမ်းကာအရ..မှန်းကာဆ၍
ပီတိတဖြာဖြာ ..မေတ္တာသမုဒ္ဒရာနဲ.
စောင့်နေမှာပါ အိမ်က...
ပြေး၍သာအမြန်..ပြော၍ဆိုတော့မည်
သမုဒ္ဒရာဝမ်းတစ်ထွာ၏ ကျေးဇူးရှင်များ.......

No comments:

Post a Comment