Sunday 7 July 2013

အလွမ်း၏လိုက်တမ်းပြေးတမ်းနဲ...ကျွန်တော်၏လိုက်တမ်းရေးတမ်း

တစ်နေ.မမြင် အလွမ်းခေါင်းအုံး
ပျောက်ရှသည့် ညများ....
စိတ်ချလက်ချ အိပ်လို.ပင်မရ
တစ်ခုတော့ တောင်းဆိုတယ်
အတွေးစောင်လွှာ
ခြုံရုံခွင့်ပေး
၃ ချက်စီခက်တင်းတင်း
ထိုးနေသည့်နာရီအလား
တိတ်ဆိတ်မှုက ကြည့်နေသည့်
မျက်နှာငယ်
အတွေးလွင်ပြင်ဝယ် မျက်ရည်ပုလဲများ
စည်တန်းလှည့်လည် စို.နှစ်ခြင်းရင်မှာပိုက်
အားမာန်ဖြင့်စိတ်ကိုထိန်း
ပြက်ရယ်ပြုသည့်အလား
ပြုံး၍သာ မျက်လွှာမှိတ်လိုက်သည်
လွမ်းကာလွမ်း၍ တမ်းကာတသည်
လှမ်းလာမရသည့်
ဟိုးအဝေးတစ်နေရာဆီမှ.........

No comments:

Post a Comment