Sunday 7 July 2013

ဆရာမ.......ကျွန်တော့ ရင်ထဲ ကအောင့်အောင့်နေတယ်

လူတချို.ရဲ. ထိခိုက်ရှနာ
သွေးအိုင်ထဲက  ဒဏ်ရာမဟုတ်တောင်
မျက်ရည်ပေါ်က အကြင်နာ
ယိုစိမ့်လာပြန်တော့
ပြက္ခဒိန်တွေက
ဖုန်းတထောင်းထောင်း
နေရက်တွေက အလှည့်ကျ
မချိုမချဉ် မှင်နီဝိုင်း ....
နောင်တ ဆိုတာက
ခင်ဗျားတို.လိုလူတွေအတွက်
မဟုတ်သလိုပါပဲလား
ရီဝေေ၀နဲ.
ညဆို မှောင်ရိပ်တွေက
ကုတင်အောက်ရောက်
ခေါင်းအုံးပေါ်က
မှေးဆက်တော့မည့် ခေါင်းကလေး
သူခမျာ ကြောက်လိုက်ရတာ
တခါတလေဆိုပြီးတော့
နှလုံးသားကို ရက်ချိန်းမပေးပါနဲ.
မျှော်လင့်ချက်ဆိုတာအတွက်လေးနဲ.
ဆရာမလေးရယ်..............
ကျွန်တော့ရင်ဘတ်တွေထပ်မအောင့်ပါရစေနဲ...

No comments:

Post a Comment