Monday 8 July 2013

ပုံပြင်လေးတပုဒ်

ဟိုးရှေးရှေးတုန်းကဆိုတာထက်နည်းနည်းစောတဲ့နှစ်ကာလတစ်ခုမှာပေါ့....တိုင်းပြည်ကြီး
တစ်ပြည်မှာ..ဘုရင်တစ်ပါးအုပ်စိုးတော်မူသတဲ့...အဲဒီဘုရင်ကြီးမှာအလွန်တော်ပြီးခေါင်းမာတဲ့
သားတော်လေးတစ်ပါးရှိတယ်.ပညာကလည်းစုံ၊လက်ရုံးရည်နှလုံးရည်ကလည်းပြည့်စုံနေပေ
တော့ဘုရင်ကြီးကလည်းဖူးဖူးမှုတ်ထားတာပေါ့ဗျာ..တစ်နေ. ....သူအလွန်ဝါသနာပါတဲ့အမဲလိုက်
တောကစားထွက်ခြင်းကိုမိမိကိုယ်တိုင်တစ်ယောက်တည်းလုပ်ဆောင်ရန်ဘုရင်ကြီးကိုလျှောက်
ထားသတဲ့..ဘုရင်ကတော့လက်မခံဘူးပေါ့ဗျာ.ရှေးထုံးအစဉ်အလာအရတော့ နန်းတက်မင်းသား
တစ်ပါးကိုစိုးရိမ်တာပေါ့။ဒါပေမဲ့လည်း နောက်ဆုံးပြောမရတဲ့အဆုံးတော့ ဘုရင်ကြီးကခွင့်ပြုလိုက်
တာပေါ့ဗျာ...ဒါနဲ.ပဲ မင်းသားလေးရဲ.တောကစားထွက်ခြင်းကိုစတင်လိုက်ပါတော့တယ်။အလွန်
ပင်နက်နဲထူပြောသောတောနက်အတွင်းသို. ခုနှစ်ရက်တိုင်တိုင်တောကစားထွက်ရန်စီစဉ်လိုက်တယ်။
ခရီးစတင်နှင်ပြီးနှစ်ရက်မြောက်နေ.မှာအမဲလိုက်ရင်း၊အလွန်ပင်အိုဟောင်းနေတဲ့ဘုရားကျောင်းကြီး
တစ်ကျောင်းကိုတွေ.သွားတယ်။သူကလည်းစပ်စပ်စုစုပေါ့ ...မစောင့်မဆိုင်းဖြုန်းခနဲဆိုသလိုပဲ တန်း
ဝင်းသွားတယ်။ထူးခြားတာက အပြင်မျက်နှာဘုရားကျောင်းကြီးကအလွန်အမင်းအိုဟောင်းနေသလောက်
အတွင်းမျက်နှာစာကအလွန်ပင်သစ်လွင်တောက်ပနေတယ်။နောက်ပြီးဘာအဆောင်အယောင်မှမရှိဘူး။
အမဲရောင်စန္ဒာရားသစ်ကြီးတစ်လုံးကလွဲရင်ပေါ့ဗျာ.။စန္ဒာရားကြီးကိုဟိုစမ်းဒီစမ်းနဲ.ပဲ အမှတ်မထင်
စန္ဒာရားအဖုံးပေါ်က စိန်ပွင့်ကြီးတစ်လုံးကိုတွေ.ရော။မင်းသားကလည်းအမဲလိုက်ခရီးစဉ်တောင်
ကရုမစိုက်နိုင်ရှာတော့ဘူး။အဲဒီစိန်ပွင့်ကြီးကိုပဲယူဆောင်ပြီး ဘုရင်ကိုဆက်သဖို.ဟန်ပြင်နေတယ်။
မင်းသားလည်းဝမ်းသာအားရပဲဘုရားကျောင်းကြီးထဲကအထွက်၊မြင်းတော်နဲ.ခရီးနှင်မယ်စိတ်ကူးနဲ.ပေါ့။
ဒါပေမဲ့ဆိုတဲ့စကားကတော့မင်းသားအတွက်ကံမကောင်းစေပါဘူး။ဘုရားကျောင်းအ၀ကလည်းထွက်ရော
ရာသီဥတုကစပြီးဖောက်ပြန်ပါလေရော။မိုးတွေသည်း၊မိုးကြိုးတွေပစ်၊လေတွေထန်၊ဗြောင်းဆန်သွားတာပေါ့
ဗျာ။ခဏလေးပါပဲ.....အဲဒီစိန်ပွင့်ကြီးထဲကအဘိုးအိုတစ်ယောက်ထွက်လာပြီးသူ.ကိုပြောတယ်။
ပြောပုံကတော့ (မင်းဟာမင်းသားတစ်ပါးဖြစ်လျက်.ဘာလို.သာသနာပိုင်ပစ္စည်းကိုခိုးသလဲ၊မင်း
ကျူးလွန်တဲ့အမှားကိုပြန်ပြင်ဖို.အချိန်ရသေးတယ်နော်) ။မင်းသားကလည်း ခေါင်းကလည်းခတ်မာမာ
ပြောပုံက (မပေးနိုင်ဘူးဗျာ၊သာသနာပစ္စည်းလည်း ဘုရင်ကပိုင်ပါတယ်၊အချိန်မရွေးယူပိုင်ခွင့်ရှိတယ်ဗျာ၊ခင်ဗျား
ကြိုက်သလို စီမံနိုင်တယ်)လို.ပဲခတ်ပြတ်ပြတ်ပြောလိုက်တယ်။အဲဒီမှာပဲ မင်းသားအတွက် ကံဆိုးမိုးမှောင်မှု
တွေစတင်ပါတော့တယ်။ရုတ်တရက်ဆိုသလို အဘိုးကြီးရဲ. စကား ကမင်းသားကိုထိတ်လန်.သွားစေတယ်။
အဘိုးအိုကြီးစကားကတော့ (မင်းဟာဒီလိုပြစ်မှုကျူးလွန်ခြင်းအတွက်၊မင်းအမှားအတွက် မင်းပေးဆပ်ရမယ်၊
မင်းဟာမင်းသားစည်းစိမ်ရာထူးကိုသာမက မင်းရဲ.လူ.သားဘ၀ကိုပါစွှန်.လွှတ်ရမယ်၊မင်းဟာအခုချိန်ကစပြီးဒီနေရာမှာ
အလွန်ရှေးကျတဲ့သစ်ပင်ကြီးတစ်ပင်အဖြစ်တည်ရှိရမယ်၊မင်း .. လူ.ဘ၀ကိုပြန်လည်ရယူပိုင်ဆိုင်ဖို.ဆိုရင်
မင်းအတွက် တစ်ရက်တိတိ မင်းဆိုတဲ့သစ်စိမ်းပင်ကြီးအတွက်ငိုကြွေးပေးမဲ့ မိန်းကလေးတစ်ယောက်
ရှိတဲ.နေကစပြီးခုနစ်ရက်မြောက်နေ. နေ.လည်(၁၂)နာရီ တိတိမှာ လူ.စင်စစ်ဘ၀ကိုပြန်လည်ရရှိမယ်၊မင်းအတွက်
ငိုကြွေးပေးမဲ့မိန်းကလေးကိုမင်း.အိပ်မက်ထဲမှာကိုယ်ထင်ပြခွင့်ရှိတယ်၊ဒါပေမဲ့စကားလုံးဝပြောခွင့်မရှိဘူး)ဆိုတဲ့စကား
အဆုံးမှာပဲအဘိုးကြီးကရုတ်ချည်းပျောက်ကွယ်သွားပါတော့တယ်။သိပ်တောင်မကြာလိုက်ပါဘူး။မင်းသားရဲ.
ခြေထောက်တွေသစ်စိမ်းပင်အမြစ်ကြီးအဖြစ်သို.ပြောင်းလဲသွားတယ်..တဖြည်းဖြည်းနဲ.ပဲ သစ်စိမ်းပင်ကြီးတစ်ပင်အဖြစ်
သို.ပြောင်းသွားတယ်။ဒီလိုနဲ.ပဲမင်းသားရဲ.ဘ၀ကလူမသိသူမသိပျောက်ကွယ်ခဲ့ရပါတော့တယ်။ဒီလိုနဲ.နှစ်ပေါင်းများစွာကြာပြီး
တဲ့နောက်အဲဒီဒေသကတဖြည်းဖြည်း ကျေးရွာလေးတစ်ရွာအဖြစ်သို.ကူးပြောင်းလာပါတော့တယ်။ရွာလေးနာမည်ကတော့
ငါးကြင်းဆိုတဲ့ရွာလေးပေါ့ဗျာ....အဲဒီရွာလေးထဲမှာပဲသစ်စိမ်းပင်ကြီးက လူမသိသူမသိဘဲ ရှင်သန်ကြီးထွားလျက်ပဲ။
အဲဒီသစ်စိမ်းပင်ကြီးကိုပိုင်တာကတော့အဲဒီငါးကြင်းရွာမှာ သူငှေးသူကြွယ်ခေါ်ရလောက်တဲ့ လယ်လု့ပ်လင်မယားပေါ့။ဘာလိုလိုနဲ.
နှစ်အနည်းငယ်လည်းကြာရောသားသမီးရတနာလေးထွန်းကားပါတယ်၊သမီးလေးတစ်ယောက်ပေါ့ ။သူမနာမည်ကိုလည်းရွာရဲ.
အမည်နာမကိုအစွဲပြုပြီးငါးကြင်းဆိုတဲ့နာမည်လေးပဲပေးခဲ့ကြတယ်။ငါးကြင်းဆိုတဲ့နာမည်လေးနဲ.ကောင်မလေးပေါ့။အဲဒီကောင်မလေး
မွေးပြီး ၆နှစ်သားအရွယ်မှာပဲ..အလွန်ပဲ အိုဟောင်းပြီးဘာအသီး၊ဘာအပွင့်မှာမပွင့်ပါဘူးဆိုတဲ့သစ်စိမ်းပင်ကြီးက အလွန်လှပတဲ့
အသီးတစ်လုံးနဲ. အပွင့်တစ်ပွင့်ကိုစတင်ပြီးပွင့်ပါတော့တယ်။အသီးကလည်းတစ်လုံးတည်းနဲ.ကမ္ဘာပေါ်မှာအရသာအရှိဆုံးအသီးကို
သီးတယ်၊အပွင့်ကလည်းဘယ်ဒေသမှာမှမပွင့်တဲ့တစ်ပွင့်တည်းသောအပွင့်ကို ပွင့်တယ်။ အဲဒီအသီးနဲ.အပွင့်တို.ကို ပိုင်ဆိုင်ခူးဆွတ်နိုင်
သူမှာ ငါးကြင်းဆိုတဲ့ ၆နှစ်အရွယ်ကောင်မလေးတစ်ယောက်တည်းပေါ့။သစ်စိမ်းပင်ကြီးက သူမအတွက် ရည်းစူးပြီးပွင့်တယ်ထင်ရ
လောက်အောင်ပဲ အလွန်အမင်းမြင့်တဲ့သစ်ပင်ကြီးကနေ အသီးတစ်လုံးနဲ. အပွင့်တစ်ပွင့်ကို သူမအရပ်နဲ.တညီတည်းနေရာမှာပွင့်လေ့
သီးလေ့ရှိတယ်။နေ.တိုင်းကို ပင် တစ်သီးတည်း ၊တစ်ပွင့်တည်း သူမအတွက်ကိုပွင့်ဖူးနေကြပေါ့။ကောင်မလေးကလည်းအသီးအပွင့်တွေ
ခူးလိုက်၊တစ်ယောက်တည်း သစ်စိမ်းပင်ကြီးနဲ.စကားတွေ ပြောတိုင်းဆော့နေကြပေါ့ဗျာ။ ကောင်မလေးရဲ. အိပ်မက်တိုင်းလိုလိုမှာလည်း
မင်းသားလေးတစ်ပါးက သစ်စိမ်းပင်ကြီးနားမှာပဲအမြဲတမ်းစောင့်နေတယ်၊အဲဒီနားကိုသူမမရောက်ခင်မှာပဲအမြဲပျောက်ကွယ်သွားတယ်
ဆိုတဲ့အိပ်မက်လေးကိုပဲ သူမအပျိုစင်ဘ၀ရောက်တဲ့အထိတိုင်နေ.စဉ်ရက်စက် အိပ်မက်.မက်တာကြောင့်သူမဘ၀မှာမင်းသားလေးကို
တွေ.ခွင့်ရဖို.သစ်စိမ်းပင်ကြီးနားမှာစောင့်ဆိုင်းနေရတဲ့အချိန်တွေဟာတနေ.ထက်တနေ.များလာတာပေါ့ဗျာ။ကံဆိုးစွာပဲ ကံကြမ္မာရဲ.လှည်းဘီး
တစ်ဖက်ကသူမရဲ.မိဘတွေကနေတစ်ဆင့်သူမဆီအရောက်လာခဲ့တယ်၊အရင်ကလယ်အလုပ်ကိုကောင်းမွန်စွာလုပ်ခဲ့တဲ့ သူမရဲ.မိဘနှစ်ပါး
မှာတော့ အကြွေးဆိုတဲ့အရာကိုအကြောင်းပြ ပြီး ဒုက္ခနဲ.လှလှကို သူတို.ရဲ.သမီးနဲ. ထိပ်တိုက်တွေ.ခွင့်ပေးခဲ့ရတယ်။အကြောင်းကတော့
လယ်ကြွေးတွေတင်နေတဲ့ရွာတို.ရဲ.မြို.စားလေးနဲ.လက်ဆက်ပေးရပါတော့တယ်။ကောင်မလေးကလည်း သူမရင်ထဲမှာ အိပ်မက်ထဲကမင်းသား
လေးကိုပဲ နေရာပေးနေမိတယ်။သူမမိဘတွေရဲ.အတင်းတိုက်တွန်းမှုက ငါးကြင်းဆိုတဲ့ကောင်မလေးဟာ သူမချစ်မနှစ်သက်တဲ့မြို.စားလေးကို
လက်ထပ်ယူဖို. ဆုံးဖြတ်ခဲ့ရပါတော့တယ်။ဒါပေမဲ့ အရင်ကလိုပျော်ပျော်ရွှင်ရွှင် လာရောက် ဆော့ကစားပြီး တစ်ယောက်တည်းစကားလာပြောတတ်
တဲ့ကောင်မလေးက အခုဆိုမအိပ်နိုင်မစားနိုင်နဲ. ၊နောက်ဆုံးအိမ်ထဲက ပင်အိမ်ပြင်ကိုမထွက်ရှာတော့ဘူး။အရင်ကလိုသစ်စိမ်းပင်ကြီးခမျာ အသီး
တစ်သီးနဲ.အပွင့်တစ်ပွင့် ကို ဖူးရှာပွင့်ရှာတာပေါ့။ဒါပေမဲ့ ပိုင်ရှင်ကောင်မလေးကတော့ ဒါကိုမသိရှာဘူး။တစ်နေ.ကောင်မလေး ကအိမ်ပြင်ကိုထွက်
ပြီး သစ်စိမ်းပင်ကြီးအောက်မှာဘာမှမပြောဘဲတစ်နေ.လုံးငိုကြွေးနေလေရော။မြို.စားမင်းနဲ.လက်ထပ်မဲ့အကြောင်းကိုမသိတဲ့ သစ်စိမ်းပင်ဖြစ်နေတဲ့
မင်းသားလေးကတော့ မိန်းကလေး သူ.ကြောင့်ငိုကြွေးတဲ့အတွက်.. လူ.ဘ၀ပြန်ရပြီး သူမနဲ.ဆုံတွေ.ခွင့်ကို ရတော့မယ်လို. ထင်ပြီး
အရမ်းပျော်နေတာပေါ့။ဒါပေမဲ.သစ်စိမ်းပင်ကြီးရှေ.မှာငိုကြွေးပြီးချိန်မှစပြီး အိမ်ထဲမှာပဲ ခုနစ်ရက်တိုင် တိုင်နေခဲ့တယ်။ခုနှစ်ရက်မြောက်တဲ့နေ.
နေ.လည်(၁၂)မထိုးခင်မှာပဲ သူမအိမ်ရှေ.ကို ခမ်းခမ်းနားနားအဆောင်အယောင်တွေနဲ. မြို.စားလေးတို. အသိုင်းအ၀ိုင်းတစ်စု ခြံထဲကိုဝင်လာခဲ့တယ်။
အဲဒီတော့မှပဲ သစ်စိမ်းပင်ကြီးက လက်ထပ်ရမဲ့ကိစ္စကိုသိပြီး သစ်စိမ်းပင်ဖြစ်နေတဲ့မင်းသားက ရင်ကွဲပက်လက်ပဲ ငိုကြွေးပါတော့တယ်။ဆိုးတာက
သူငိုကြွေးလိုက်တိုင်း လူသားမျက်ရည်မကျဘဲ သစ်စိမ်းပင်ကြီးကနေ သစ်စိမ်းရည်တွေသာကျလာခဲ့တယ်။သူအသက်ဝိညာဉ်လွင့်ထွက်မတတ်
ငိုကြွေးခဲ့တာပေါ့....ဒါပေမဲ့ကောင်မလေးခမျာ..မင်းသားလေးရဲ.သစ်စိမ်းမျက်ရည်ကိုတောင်မမြင်ရရှာတော့ဘူး။မြို.စားမင်းခေါ်ရာနောက်ကို အဆောင်
အယောင်နဲ.တကွ လိုက်သွားခဲ့ရတယ်။ဒါနဲပဲ မင်းသားလေးရဲ.ဘ၀က သစ်စိမ်းပင်ဘ၀နဲ.ပဲ သေသွားရရှာတယ်။ကောင်မလေးလက်ထပ်ပြီးတဲ့နောက်
သူမအိမ်ကိုပြန်လာခဲ့တယ်။အဲဒီအချိန်မှာပဲသစ်စိမ်းပင်ကြီးခြောက်သွေ.ပြီးသေနေတာကိုမြင်တွေ.လိုက်ရတယ်။သူမမျက်ဝန်းထဲကမျက်ရည်လေးများ
တသွင်သွင်စီးလာတော့တာပဲ။နောက်ပိုင်း...သူမ ဟာ သစ်စိမ်းပင်ကြီးနဲ. ဝေးရာ မြို.စားမင်းတို.နေတဲ့အရပ်ကိုပဲအပြီးပြောင်းရွှေ.သွားခဲ့တယ်။
ဒါပေမဲ့ သစ်စိမ်းပင်ကြီးရဲ. ပုံပြင်လေးကတော့ဆက်ရှိနေဆဲပါ။ယခင်က သစ်စိမ်းရည်များကျတဲ့နေရာမှ အပင်လေးတစ်ပင်ပေါက်နေတာကို ငါးကြင်း၇ွာ
ကလူများသတိထားမိခဲ့ကြတယ်။ဒီလိုနဲ.ပဲ အရင်ကလိုသူမတူ ထူးခြားတဲ့အပင်ပမာ ထူးခြားတဲ့အသီး တွေ၊ အပွင့်တွေ ပွင့်မည်အထင်နဲ. ၇ွာသား
တော်တော်များများစောင့်ကြည့်ခဲ့ကြတယ်။ အပင် ကြီးထွားလာတဲ့အခါ ယခင်ကလိုပဲ ထူးခြားတဲ့အသီးတစ်လုံးကိုသီး လေတယ်။ဒါပေမဲ့ အရမ်းကို
အရသာဆိုးရွားတဲ့ အသီးလေးပေါ့။ဒါပေမဲ့ အဲဒီအပင်ကြီးကနေ အပွင့်တော့ မပွင့်ရှာတော့ဘူး။ ဒါကို၇ွာသားများ က အလွန်အံသြခဲ့ကြတယ်။
ပညာရှင်တစ်ချို.ကလည်း လေ့လာစမ်းသပ်စုံစမ်းခဲ့ကြတယ်။ နောက်ပိုင်းတော့ လူတစ်စုကခေါ်ဝေါ်သုံးစွဲအမည်နာမပေးခဲ့တယ်။အဲဒါဘာလဲဆိုတော့...........
ကော်ဖီ...ပေါ့ ဗျာ.့အခုဆိုရင်တော့ ကော်ဖီကို လူတိုင်းဆိုသလို သောက်သုံးနေကြပြီ။ဒါပေမဲ့ ကော်ဖီတစ်ခွက်ရဲ. တန်ဖိုး ကလူတစ်ယောက်အတွက် အပျင်းပြေသောက်
တဲ့တန်ဖိုးထက်တော့ အဆပေါင်းများစွာတန်ဖိုးရှိပါတယ်ဗျာ။ဒါကြောင့်ဒီပုံပြင်လေးကိုအမှီပြုပြီး ကျွန်တော်ပြောချင်တာကတော့ ကော်ဖီတစ်ခွက်ရဲ.
တန်ဖိုး .သူ.ရဲ.အရသာ ကို လေးစားပါဆိုတဲ့စကားလေးပါပဲ ။ဘာကြောင့်လဲဆိုတော့ ကော်ဖီဆိုတဲ့ အရည်ထဲမှာပုံပြင်ထဲက
လိုပဲကော်ဖီစေ့ ဆိုတဲ သစ်စိမ်းပင်ရဲ.ငိုကြွေးမှုတွေ၊ ခါးသက်မှုတွေ၊နာကျင်မှုပေါင်းများစွာ မပါဘူးလို. မပြောနိုင်လို.ပါ။

No comments:

Post a Comment