Sunday 7 July 2013

ကောင်းကင်ဘုံရဲ.တစ်စိတ်တစ်ပိုင်း

ဇီးပြားတထောက်စာ
ရည်းစားတယောက် ...
ထားမိတာမှဖင်မပူ
ပြဿနာဆိုတာ...တထောင်းထောင်း
အသဲကွဲရတယ်တဲ့
ရင်ကိုမီးနင်းပွဲ ကျင်းပ
စာတေးဖြစ်သွားတဲ့ ကျွန်တော့အသဲရယ်
တကယ် ပျော်တော့ပျော်စရာပဲ..........
အတိတ်တွေကို နေ.တိုင်း
အလိုက်အထိုက် ဆက်ဆံ
ပြီးတော့မှ
အိပ်မက်ဆိုးတွေဘာလို.
 စောင်အောက်ထဲ
ရောက်ရောက်နေလဲမမေးနဲ.
သံယာဇဉ်ဆိုတာက
ဈေးဖြတ်မရတဲ့ ကုန်ဈေးနှုန်းတစ်မျိုး
အဲတော့လည်း တက်လိုက်ကျလိုက်
ပျော်စရာကြီးပေါ့
ကဲ ...ကဲ...
ကို.အသဲ ကိုကွဲ
ကို.အကြောင်းနဲ.ကို
ကို.ဘာသာကိုဆွေး
ဘယ်လောက်ပျော်စရာကောင်းလိုက်သလဲ......

No comments:

Post a Comment