Sunday 7 July 2013

သံပတ်ရုပ်မလေး

ငါအမြဲရောက်တဲ့ နေရာ
မင်းများရှိမလားပေါ့
ငါအမြဲကြားချင်တဲ့ အသံလေး..
နှစ်ရက်တောင်မခံခဲ့ဘူး..
ပျောက်ရှမှုတွေက
ဗြုံးခနဲဆိုအချက်ပေးတယ်
ဒါတောင် ငါ့နှလုံးသားက
စည်းချက်မှန်နေတုန်းပဲ
အခုတော့မှ.........
စကားတတီတီပြောတဲ့ပါးစပ်လေး..
ဆေးဆိုးထားမှန်းသိတယ်...
တောင်းဆိုပါရစေ
ငါချစ်တာမင်းကိုပါ...
ထပ်ပြောမယ်...မင်းရဲ.နှလုံးသားကိုပါ
လူတိုင်းပင့်သက်လောက်တဲ့
မင်းရဲ.အလှကိုမဟုတ်ဘူး
ငါချစ်တာ မင်းရဲ.ဖြူစင်မှုကိုပါ
လူတိုင်းကိုပေးနိုင်တဲ့ ဟန်ဆောင်အပြုံးမဟုတ်ဘူး
ခြောက်ပြစ်ကင်းသဲလဲစင်မဟုတ်နိုင်တောင်
ငါချစ်တာ
လေးနက်သိမ်မွေ.တဲ့ မိန်းကလေးကိုပါ....
ငါချစ်တာ မင်းရဲ.ရင်ခုန်သံအစစ်
နေ.စဉ်နေ.တိုင်း 
အမြဲယုယကြင်နာ
သံပတ်ရင်ခုန်သံတွေကြားက
ကော်ပတ်ရုပ်ကလေးမဟုတ်ဘူး..

No comments:

Post a Comment