Sunday 7 July 2013

စနိုးဝိုက် ((((Snow White))))))

ဘ၀တခုက ဖန်တီးတဲ့စည်းချက်
တူရိယာမလိုဘူး....
ကုတင်ပေါ်က ဒဏ္ဍာရီပုံပြင်လေးတွေ
ပခက်စီး......အနှီးလေးတရမ်းရမ်းနဲ.
ပူနွေးနွေး....ရင်ခွင်တစုံထဲမှာ
်ရင်းနှီးခဲ့ဖူးတယ်
မေ့ပျောက်ဖို.မလွယ်ပါဘူး...........
လူမှန်းသူမှန်း...စမ်းတ၀ါးဝါး
မနိုင့်တနိုင် ခဲတံလေးအတူကိုင်
စာလေးတွေ ကူကျက်ပေးခဲ့တယ်
ရင်ခွင်တခုဆီက ထောင့်တညပုံပြင်
မှေးစက်တိုင်း ချော့သိပ်
အသွင်မတူ လူသားပီပီ
တန်းတူညီမျှ ထားဖို.အရေး
ကြိုးစားပေးခဲ့တယ်....................
ပုတုလူသား ဖြစ်သည့်အညီ
အမှားတခု ရူးရူးမိုက်မိုက်
လုပ်လိုက်မိတိုင်း ...
အမှန်တထောင်နဲ. ပြန်လည်ဖေးမ
အားပေးခဲ့တဲ့ ကျွန်တော်မိခင်
ကျွန်တော့လုပ်ရပ်
တလောကလုံးအတွက် မှားချင်မှားမယ်
သူမကတော့ ကျွန်တော့အတွက်
မှန်နေဆဲပဲ...
အမုန်းမရှိတဲ့ ငါးရာနှစ်ဆယ့်ရှစ်
အဆုံးမရှိတဲ့ ချစ်ခြင်းတရားပါ...
ကျွန်တော့အတွက်တော့ သူမကစနိုးဝိုက်
ဂန္တ၀င်ပုံပြင်ထဲက
မင်းသမီးလေးတပါးပေါ့.....

No comments:

Post a Comment