Sunday 7 July 2013

အော်......

အော်....ငါ့စိတ်ကူးတွေတောင်ပံပေါက်နေပြီလား
ငါ့အထင်တော့....ထုံးစံအတိုင်း
တမ်းတမှုပြက္ခဒိန်အောက်က
အတွေးပေါက်စလေးလိုပါပဲလား
သာသာယာယာလေးတော့
မျောနေပါတယ် ....
ငုတ်တုတ်မေ့နေတဲ့မျက်လုံးတွေ
မင်းတို.တစ်ခုခုကို
မမြင်ချင်ယောင်ဆောင်ပေးပါ
ကြောက်လန်.မှုတွေက
ငါ့နှလုံးသားကို လက်လေးဆစ်
မြင့်တက်သွားစေတယ်
ယှဉ်ပြောရရင် ငါ့ကိုယ်ထဲ
မီးပျက်သွားသလိုပဲ
တစ်ခုတော့ရှိတယ်...
ငါ့နှလုံးသားမှာ
တိတ်တခိုးလင်းနေတဲ့
မီးအိမ်ရှင်လေးကလွဲရင်ပေါ့ကွာ....

No comments:

Post a Comment