Monday 8 July 2013

တွေမှာလား...ဝေမှာလား..

အပွေးမြင်မှ အပင်သိ
အတွေးမြင်မှ အထင်ရှိ
ငါသည်သာ သဗ္မာ
အကြံကောင်းပစ်လို.
ရန်ကောင်းဟစ်နေရင်
ရှိနေတဲ့ စည်းလုံးခြင်းဆိုတာ
တစုံတယောက်လား....
တယောက်တစုံလား...

ကိုယ်က ဗလာ
သူက နတ္ထိ
အယူတူစွာ ပညာမဲ့လို.ဖြင့်
အလှသခင်လို ဘ၀တွင်ခဲ့ရင်တောင်
လောဘဥစ္စာ မောဟပမာ
မောလို. မျောတုန်း
မျောလို. ရောတုန်း.............

အရိုးကြွံအောင် ကျိုးနွံ
လုံ.လလွန်လို. အကျိုးမယုတ်
မိမိ၏ အရင်းအခြေသည်
မိမိ၏ အရည်အချင်း
အရွေးသင်မှာလား....
အရင်သွေးမှာလား...

No comments:

Post a Comment